Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာတွင် ရေဝင်နစ်မြုပ်မှုကြောင့် (၆-၈-၂၀၁၇) ရက်နေ့၌ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်တို့အား (၉-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၇) နေ့တွင် ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာလုပ်သား (၄၈) ဦး ပြန်လည်ရောက်ရှိလာ၍ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှကြိုဆိုခဲ့ပြီး (၄၈) ဦးအနက်မှ (၆) ဦးအတွက် ခရီးစရိတ် (၁၂၇,၀၀၀) ကျပ်အား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀)ကျပ်၊အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အားလည်းကောင်း၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဗုဓလက်ကျေးရွာ၌ (၅-၈-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၅၀၀၀၀) ကျပ်တို့အား (၇-၈-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:                   ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါဆန်း (အလက) စာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိပါသည်။ Source:             မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအတွင်းရှိ လူဦးရေ (၁၀၀) ဦးခန့်အား သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:                   မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကော့ကရိတ်မြို့နယ်၊ လှိုင်တန်းကျေးရွာ၌ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Karen Baptist Convention (KBC) အဖွဲ့နှင့်ပူးပေါင်း၍ (၄-၈-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်းတန်းကျေးရွာတွင် ရေဘေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ကျေးရွာနေပြည်သူလူထုများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ထို့နောက် ကျေးရွာနေပြည်သူများအား ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် များကို ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:                   ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)  

  • ကမ်းပြိုဘေးသင့်နေအိမ်များနှင့် လေဘေးသင့်အိမ်အတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့်နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပါးပြိုမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ်(၇) လုံးအတွက်် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀) ကျပ်အားလည်းကောင်း သရက်တောရပ်ကွက်၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် သစ်ပင်ပိနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ် ၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၂၁၄,၇၀၀) နှင့် … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ ကျောင်းစုကြီးရပ်ကွက်တွင် (၃-၈-၂၀၁၇) ရက်နေ့တွင် နေအိမ် အုတ်တံတိုင်းပြိုကျရာမှ နေအိမ်နံရံပြိုကျမှုအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၄-၈-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:             ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)    

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စုတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၃၇၅) ဦခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:             ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events