ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀)ကျပ်၊အိမ်ထောင်စု (၁) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အားလည်းကောင်း၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၃-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၇,၈၀၀)ကျပ်၊ အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၃၃၇,၈၀၀) ကျပ်နှင့် ပခန်းငယ်ကျေးရွာအုပ်စု၊ ပခန်းငယ်ကျေးရွာတွင် (၃-၈-၂၀၁၇) ရက်နေ့၌ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ(၄) လုံး၊အိမ်ထာင်စု (၄) စု၊ လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၈,၃၀၀) ကျပ်၊ အိမ်ထောင်စု (၄) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၄၄၈,၃၀၀) ကျပ်တို့အား (၈-၈-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)