Author Archives: Hlaing ChoOo
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာ ဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ကျုံသာယာကျေးရွာတွင် (၁-၉-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် မျောပါခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၆) မျိုးပါ Family kit (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၅-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ တောင်ခြေရင်းကျေးရွာ၌ (၂-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုး ဘေးကြောင့် မိုးကြိုးထိမှန် သေဆုံသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၄-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့မှုသတင်း
(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင်း စစ်တွေမြို့ပေါ်ရှိ ဓမ္မပါလကျောင်းတိုက်၊ ရတနာဗိမာန် ကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဟိန္ဒုကျောင်းနှင့်နာရီကန်ကျောင်းတိုက်များသို့ နယ်ရပ်စွန့်ခွာပြီး ယာယီ လာရောက်ခိုလှုံကြသော အကြမ်းဖက်ဘေးရှောင် အိမ်ထောင်စု (၂၂၈) စု၊ လူဦးရေ (၈၆၅) ဦးတို့အတွက် စားနပ်ရိက္ခာ (၇) ရက်စာ ဆန် (၆၃) အိတ် (၁) ပြည် (၆) ဗူး၊ ဆီ (၁လီတာဗူး) (၂၂၈) ဗူး၊ ဆား (၅၇) ပိဿာ၊ ပဲ (၁၁၄) ပိဿာ အတွက်ထောက်ပံ့ငွေ(၁,၈၀၂,၉၅၇) ကျပ်နှင့် … Read more
-
ထောက်ပံ့လှူဒါန်းသော အလှူငွေကို ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးပြောကြား
၄-၉-၂၀၁၇ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မြတ်စေတနာဖောင်ဒေးရှင်း မိသားစုကငွေကျပ် (၄၅) သိန်းတိတိကို (၄-၉-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့အဆိုပါ ဖောင်ဒေးရှင်း နာကယကဖြစ်သူ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စေတနာရှင်ပြည်သူ များမှလှူဒါန်းသော လှူဒါန်းပစ္စည်းနှင့် လှူဒါန်းငွေများကို ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သောအကူအညီထောက်ပံ့မှုများတွင် ထိရောက်အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်းတုန်းမြို့နယ်၊ မြမ္မာ ပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁,၀၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၆,၆၀၀) ကျပ်အားလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု၊ ကင်းမွန်းချောင်းကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုစုပေါင်း (၈၆) ဦးအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုစနစ်များ၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
အလှူငွေလက်ခံရရှိမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဒေါက်တာ ဦးမောင်မြင့်+ဒေါက်တာ ဒေါ်ခင်မွန်မိသားစုမှ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် သိန်း (၁၀၀) အား (၁-၉-၂၀၁၇) ရက် နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အလှူငွေလက်ခံရရှိမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ယာဉ်-ဝယ်ရောင်း/ အကျိုးဆောင် လူမှုရေးအသင်းအဖွဲ့ (ရန်ကုန်) မှ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း (၃၀) အား (၃၁-၈-၂၀၁၇) ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ လားရှိုးမြို့၊ ရပ်ကွက်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၇၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော် ခရိုင်၊ မိုးမောက်မြို့၊ (၇) မိုင်အောင်မြေကျေးရွာ၌ (၁၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၆,၈၀၀) ကျပ်တို့အား (၃၁-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
