ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာ ဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ကျုံသာယာကျေးရွာတွင် (၁-၉-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် မျောပါခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၆) မျိုးပါ Family kit (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၅-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events