(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင်း စစ်တွေမြို့ပေါ်ရှိ ဓမ္မပါလကျောင်းတိုက်၊ ရတနာဗိမာန် ကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဟိန္ဒုကျောင်းနှင့်နာရီကန်ကျောင်းတိုက်များသို့ နယ်ရပ်စွန့်ခွာပြီး ယာယီ လာရောက်ခိုလှုံကြသော အကြမ်းဖက်ဘေးရှောင် အိမ်ထောင်စု (၂၂၈) စု၊ လူဦးရေ (၈၆၅) ဦးတို့အတွက် စားနပ်ရိက္ခာ (၇) ရက်စာ ဆန် (၆၃) အိတ် (၁) ပြည် (၆) ဗူး၊ ဆီ (၁လီတာဗူး) (၂၂၈) ဗူး၊ ဆား (၅၇) ပိဿာ၊ ပဲ (၁၁၄) ပိဿာ အတွက်ထောက်ပံ့ငွေ(၁,၈၀၂,၉၅၇) ကျပ်နှင့် တာပေါ်လင် (၆×၃၀၀) ပေ (၈) လိပ်တို့အား(၃-၉-၂၀၁၇) ရက်နေ့တွင် ရခိုင် ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ (ရုံးချုပ်) ဒေါက်တာ အောင်သူရိန်နှင့် တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)