Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ၌ သဘာ၀ဘေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်း နံရံကပ်ပိုစတာများဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန် နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များထည့်သွင်းထားသော … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ အုန်းတောကျေးရွာအုပ်စု၊ ပြိုင်းစေ့ကေကျေးရွာ (အ.လ.က) ခွဲတွင်  သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆောင်ရန်/ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်၊၊  အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်ရရှိပါသည်။ Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်‌‌ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ စုစုပေါင်း (၃၀) ဦးအား ဦးစီးဌာနလုပ်‌‌ဆောင်ချက်များ၊ သဘာဝ‌ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သ‌ဘောတရားများနှင့် DAN Mobile Application အသုံးပြု ပုံနည်းစနစ်များကို (၉:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ ဆွေးနွေး‌ဟော‌ပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုနှင့် ကဲလင်းဆိပ်ကျေးရွာ အုပ်စုတို့၌ (၂-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေးဘေးကြောင့် အိမ်ထောင်စု (၈၈) စုမှ လူဦးရေ (၂၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၅၉၈,၅၀၀) ကျပ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် (၅-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးမှ အိမ်ထောင်စု (၄၁၃) စု၊ လူဦးရေ (၁၈၁၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၃,၈၁၁,၅၀၀) ကျပ်အားလည်းကောင်း အနောက်ဆင်ရွာကျေးရွာအုပ်စု ကမ်းပြိုဘေးဖျက်သိမ်းနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အားလည်းကောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၇-၉-၂၀၁၇) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက် နေ့တွင် ဘဲကြီးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ရွာသူ/ရွာသား (၈၆) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ (၇-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျံဒိုးမြို့ အမှတ် (၃) ရပ်ကွက် ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၃၁-၈-၂၀၁၇)  ရက်နေ့နှင့် (၃-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃၁) လုံး၊ အိမ်ထောင်စု (၃၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄၁,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၃၄၁,၅၀၀) ကျပ်အား (၇-၉-၂၀၁၇) ရက်နေ့တွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး … Read more

Sign Up

Upcoming Events