ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ အုန်းတောကျေးရွာအုပ်စု၊ ပြိုင်းစေ့ကေကျေးရွာ (အ.လ.က) ခွဲတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆောင်ရန်/ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်ရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)