Author Archives: Hlaing ChoOo

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူ ရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၉-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် အမတ်ကျေးရွာအုပ်စု အမတ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ (၁၂) ဦး ကျောင်းသား/ ကျောင်းသူ (၁၆၁) ဦး စုစုပေါင်း (၁၇၃) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နယ်ဘုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာ၌ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မိုးကြိုးထိမှန်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့အား (၈-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေးထောင့်ကျေးရွာအုပ်စု၊ ကွေးထောင့်ကျေးရွာ၌ (၅-၉-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၉,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၉,၉၀၀) ကျပ်တို့ အား(၈-၉-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအုပ်စု၊ ရွှေလှံကျေးရွာတွင် (၃-၉-၂၀၁၇) ရက်နေ့ (၁၉:၄၅) အချိန်တွင် မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့်  မိုးကြိုးပစ်သေဆုံးသူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့ အား (၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • အရေးပေါ်ကာလတုံ့ပြန်မှုများဆိုင်ရာသင်တန်းတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချမှု သတင်း

    (၈-၉-၂၀၁၇) ရက်နေ့တွင် သီပေါမြို့၊ မြောက်ပိုင်းမြေဟိုတယ်တွင် ECHO ၏ ရန်ပုံငွေဖြင့် အာရ်အိုင်မြန်မာမှ စီစဉ်ဆောင်ရွက်သော အရေးပေါ်ကာလတုံ့ပြန်မှုများဆိုင်ရာသင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာ၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဖြစ်ပွား လေ့ရှိသော ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ DM Law အကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr.Keren Divanlioglu က လာရောက်တွေ့ဆုံမှုသတင်း

    ၈-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr. Keren Divanlioglu က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နေ့လည်ပိုင်းက လာရောက်တွေ့ဆုံခဲ့ပါ သည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ လူသားချင်းစာနာထောက်ထားမှု အခြေခံစည်းမျဉ်းများနှင့် အညီဒုက္ခ … Read more

Sign Up

Upcoming Events