မိုးကြိုးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ နယ်ဘုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာ၌ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မိုးကြိုးထိမှန်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့အား (၈-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events