ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr.Keren Divanlioglu က လာရောက်တွေ့ဆုံမှုသတင်း

8 Pic 04

၈-၉-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E Mr. Keren Divanlioglu က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နေ့လည်ပိုင်းက လာရောက်တွေ့ဆုံခဲ့ပါ သည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ လူသားချင်းစာနာထောက်ထားမှု အခြေခံစည်းမျဉ်းများနှင့် အညီဒုက္ခ ရောက်သူများအား ကူညီနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ ကူညီပေးရာတွင် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့်ပူးပေါင်း ဆောင်ရွက် နိုင်ရေးညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၁၇၊ သြဂုတ်လဖြစ်စဉ်တွင် ဒေသခံတိုင်းရင်း သားများအားအစွန်းရောက်အကြမ်းဖက်သမားများမှ တိုက်ခိုက်သတ်ဖြတ်မှုများအပေါ် ကမ္ဘာ့မီဒီယာ များတွင် သတင်းမှားများဖေါ်ပြနေမှုများ၊ ဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုအကူ အညီများ နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၂) ခုလုံးက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တူရကီနိုင်ငံသံအမတ်ကြီးမှလည်း တူရကီနိုင်ငံသည် သမိုင်းကြောင်း၊ လူမှုဝန်းကျင်၊ ရင်ဆိုင် တွေ့ကြုံ ရသည့် အခက်အခဲများမှာ မြန်မာနိုင်ငံနှင့် များစွာနီးစပ်ပါကြောင်း၊ တူရကီနိုင်ငံတွင် ဆီးရီး ယားနိုင်ငံမှဒုက္ခသည်သန်းပေါင်းစွာအား လတ်တလောကူညီနေသဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးလိုသည့် အလေ့အထတည်ရှိပါကြောင်း၊ တူရကီနိုင်ငံအနေဖြင့် သြဂုတ်လ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ကြားသိရလျှင်ရချင်း ပြစ်တင်ရှုံ့ချကြောင်း ပထမဆုံးထုတ်ပြန်ခဲ့သည့်နိုင်ငံ ဖြစ်ပါကြောင်း၊တူရကီနိုင်ငံအနေဖြင့်အစွန်းရောက် မူဝါဒများကို လက်မခံပါကြောင်း၊ မြန်မာ နိုင်ငံနှင့် စပ်လျဉ်း၍ အထူးသဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စတွင် အပြုသဘောဆောင်မျှတသည့်အမြင်၊ ခံယူချက် များကိုသာထားရှိပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်မှုမရှိသည့် အပြစ်မဲ့ အရပ်သား များအား ဘာသာလူမျိုးမခွဲခြားဘဲ ပံ့ပိုးကူညီမှုများဆောင်ရွက်ခြင်းသည် အလွန်အရေးကြီး သည်ဟုခံယူပါ ကြောင်း၊ မိမိတို့အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ကူညီ ထောက်ပံ့လိုပါကြောင်း၊ မိမိတို့နိုင်ငံသမ္မတနှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဖုန်း ဖြင့်ဆက်သွယ်ပြောကြားပြီး နှစ်နိုင်ငံခေါင်းဆောင်ပိုင်းသာမက လုပ်ငန်းအကောင်အထည်ဖေါ်သူများ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဒုက္ခခံစားရသူအားလုံးအား ကူညီပေးရန် စီစဉ်ဆောင်ရွက်နေမှုများအား အသိအမှတ် ပြုကြိုဆိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events