(၈-၉-၂၀၁၇) ရက်နေ့တွင် သီပေါမြို့၊ မြောက်ပိုင်းမြေဟိုတယ်တွင် ECHO ၏ ရန်ပုံငွေဖြင့် အာရ်အိုင်မြန်မာမှ စီစဉ်ဆောင်ရွက်သော အရေးပေါ်ကာလတုံ့ပြန်မှုများဆိုင်ရာသင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာ၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဖြစ်ပွား လေ့ရှိသော ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ DM Law အကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၃၀) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)