Author Archives: Hlaing ChoOo

  • ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

    ၁-၁၀-၂၀၁၇၊ နေပြည်တော် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည်။           အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဘိုးဘွားတို့၏ လူမှုဘဝအား အထောက်အပံ့ဖြစ်စေရန်နှင့် ၎င်းတို့ အတွက် သေချာသော မျှော်မှန်းဝင်ငွေပုံမှန်ရရှိစေရန် ရည်ရွယ်၍ တစ်လလျှင် တစ်သောင်းကျပ်နှုန်း ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်နှင့် အထက်ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်ကစပြီး … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ကို (၂၈-၉-၂၀၁၇) ရက်နေ့မှ  (၃၀-၉-၂၀၁၇) ရက်အထိ သင်တန်းသား/သင်တန်းသူ (၃၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများကို အားပေးနှစ်သိမ့်ဆွေးနွေးမှုသတင်း

    (၁-၁၀-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများဖြစ်သော ဘုရားလေးဆူဘုန်းတော်ကြီးကျောင်းနှင့် ဒက္ခိဏရာမဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံ၍ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်မှု၊ အစားအသောက်၊ ကျန်းမာရေးနှင့် ပညာသင်ကြားနေမှုများကို မေးမြန်းဆွေနွေးပြီး ကလေးငယ်များနှင့်ဆော့ကစားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဌာနရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ DAN Mobile application များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်ဘေး၊ ရေဘေး မိုးကြိုးဘေး၊ လေဘေးနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကို ရှမ်း ပြည်နယ်တောင်ပိုင်း ပိုင်းဟိုပုံးမြို့နယ် ထွေအုပ်ရုံးခန်းမတွင် (၂၆-၉-၂၀၁၇) ရက်နေ့မှ (၂၇-၉-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ကယ်ဆယ်ရေးမှ တာဝန်ရှိသူများနှင့် မြို့နယ် အုပ်ချုပ် ရေးမှူးတို့မှ ရှင်းလင်းဟောပြောခဲ့ပြီး အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၅၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ခွေးတောက်ချောင်း ကျေးရွာ အုပ်စု၊ နံကပ်၊ နံကပ်ပြင်စု၊ လန်တာ၊ ခွေးတောက်ချောင်း၊ ညောင်ကုန်းကျေးရွာများတွင် (၁၃-၉-၂၀၁၇) ရက်နေ့မှ (၂၄-၉-၂၀၁၇) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၂၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၃၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အင်ဒိုနီးရှားနိုင်ငံမှလှူဒါန်းသော စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်

    စစ်တွေ စက်တင်ဘာ၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ရသေ့တောင်မြို့နယ်တွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းသော စားနပ်ရိက္ခာများကိုကူညီထောက်ပံ့ပေးသည်။ ယနေ့ကူညီထောက်ပံ့ပေးခဲ့သော ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာတို့ဖြစ်သည်။ အဆိုပါကျေးရွာများအား အင်ဒိုနီးရှားနိုင်ငံမှ  ကူညီထောက်ပံ့ပေသော ငါးသတ္တာ၊ ဘီစကစ်နှင့် အခြားစားနပ်ရိက္ခာများ၊ အိမ်ထောင်စု အလိုက် အသုံးစရိတ်ငွေများကိုလည်း ကူညီထောက်ပံ့ပေးခဲ့ပြီး အားပေးနှစ်သိမ့်စကားများပြောကြားခဲ့သည်။ အဆိုပါခရီးစဉ်တွင် အနောက်ပြင်ကျေးရွာ ပြည်သူများနှင့် … Read more

Sign Up

Upcoming Events