Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ အောင်စင်္ကြာဓမ္မာရုံ၌ လူဦးရေ (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သန်လျင်မြို့နယ်ရှိဇာမဏီဆည် (၁၅) ပေခန့် ကျိုးပေါက်ခဲ့မှုတွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၈-၁၁-၂၀၁၇)ရက်နေ့ နံနက် (၆:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအပိုင် ဇာမဏီဆည်တွင် ထူးပေါက်များကြောင့် ရေစိမ့်ထွက်ရာမှဆည်၏ အရှေ့ဘက် (၁၅)ပေခန့် ကျိုးကျခဲ့သဖြင့် ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာတွင် ရေများဝင်ရောက်ခဲ့ရာ နေအိမ်အချို့ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် သန်လျင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးဖြစ်ပွား ရာနေရာသို့ သွားရောက်ကာ ခေတ္တပြောင်းရွှေ့အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၅၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငပုတောမြို့နယ်ကြက်ခြေနီနှင့် ဒီးဒူးကုန်းကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၂၈-၁၁-၂၁၀၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူး ကုန်းကျေးရွာအုပ်စု၊ မေဒါအိုင်ကျေးရွာတွင် ဆူနာမီဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား (၃၀၀) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေး ရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် (၂၅-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) စုစုပေါင်း (၁၁၀,၅၀၀) ကျပ်တို့အား(၂၈-၁၁-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့ နယ်၊ ခြင်ဘို့အုပ်စု၊ ကျောက်ရဲနှင့် သဲရိုးကျေးရွာတို့တွင် (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃၁) လုံး၊ လူဦးရေ (၁၃၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၂၇၅,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၀၀,၀၀၀) ကျပ်တို့အား (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အ.ထ.က လောင်းလုံးမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများ သည် (၂၇-၁၁-၂၀၁၇) ရက်နေ့တွင် အ.ထ.က လောင်းလုံးမြို့၌ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘင်္ဂလားဒေ့ရှ်အစိုးရက ရခိုင်ပြည်နယ်အတွက် လူနာတင်ယာဉ် (၃)စီး လွှဲပြောင်းပေးအပ်မှုသတင်း
၂၃.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသောလူနာတင်ယာဉ် (၃)စီးနှင့် စာရွက်စာတမ်းများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Abul Hssan Mahmood Ali က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ လူနာ တင်ယာဉ် (၃)စီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၁၁-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်းအောက်ရွာဘုံခန်းမတွင် သဘာဝဘေးအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ အင်အား (၁၅၃) ဦးခန့်ရှိကြောင်း … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတွင် (၁၈-၁၁-၂၀၁၇)နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၇)လုံး၊ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ (၈၀)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄)မျိုး (၁၇)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၇၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၈,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁,၈၆၈,၀၀၀)ကျပ်တို့အား (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ဇလွန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ တစ်ဦး ချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးပါဝင်သော ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးဌာန၊နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ အမှုထမ်း/အရာထမ်းများ တက်ရောက်ပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
