Author Archives: Hlaing ChoOo

  • မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၁၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့နယ်အဆင့် သဘာဝ ဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဦးစီးမှူးတို့မှ အဖွင့် အမှာစကားပြောကြားခြင်း၊ အပြန်အလှန်ဟောပြောညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြရာ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်ပုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ မီးဘေး ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်ပုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၅၂) ဦးအတွက် ပစ္စည်း (၂၆) မျိုးပါ (Family Kit) (၁၀)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၉,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၉,၂၀၀)ကျပ် တို့အား (၅-၁၂-၂၀၁၇)ရက်နေ့တွင် ငပုတောမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ … Read more

  • သဘာဝဘေးလျော့ပါးရေးသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၁၂-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ရေနံချောင်းမြို့၊ (ထွေ/အုပ်) ရုံး အစည်းအဝေးခန်းမ တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၈-၁၂-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)  

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ်(၀၉/၂၀၁၇)

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ်(၀၉/၂၀၁၇) ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် (၇.၁၂. ၂၀၁၇) ရက်နေ့မှ (၁၀.၁၂.၂၀၁၇)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နတ်မှူးကျေးရွာအုပ်စု၊ အောင်လှိုင် (၂) ကျေးရွာ၌ (၃-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် (၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၄,၂၀၀) ကျပ်တို့အား (၆-၁၂-၂၀၁၇) … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မဲခင်းချောင်အုပ်စု၊ နန်းတော်ကျွန်းကျေးရွာ၌ (၃၀-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂)စု၊ လူဦးရေ (၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀)ကျပ်တို့အား (၅-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဗီနိုင်းများစိုက်ထူမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၇) ရက်နေ့တွင် မောက်လိုက်ဈေးရှေ့နှင့် မောက်လိုက်ကူးတို့ဆိပ်ကမ်းတို့တွင် ငလျင်ဘေးအန္တရာယ် ဆိုင်ရာ ဗီနိုင်းများစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်အုပ်စုကျေးရွာ၌ (၂၄-၁၁-၂၀၁၇) ရက်နေ့နှင့် (၂၉-၁၁-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၇,၆၀၀) ကျပ် စုစုပေါင်း (၁,၃၁၇,၆၀၀) ကျပ်တို့အား (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၇) ရက်နေ့တွင် ကသာမြို့ရှိ မြို့မဈေး၊ မီးရထားဘူတာ၊ အမြန်ရေယာဉ်ဆိပ်ကမ်းနှင့် စာသင်ကျောင်း များနှင့် ပြန်ဆက်ဆိုင်းဘုတ်များတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ ဗီနိုင်းပိုစတာကပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events