ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

5 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်အုပ်စုကျေးရွာ၌ (၂၄-၁၁-၂၀၁၇) ရက်နေ့နှင့် (၂၉-၁၁-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၁၇,၆၀၀) ကျပ် စုစုပေါင်း (၁,၃၁၇,၆၀၀) ကျပ်တို့အား (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events