ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၁၂-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ရေနံချောင်းမြို့၊ (ထွေ/အုပ်) ရုံး အစည်းအဝေးခန်းမ တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်း ဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၈-၁၂-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)