ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်ပုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ မီးဘေး ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျောက်ပုံကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ (၄-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၅၂) ဦးအတွက် ပစ္စည်း (၂၆) မျိုးပါ (Family Kit) (၁၀)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၉,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၉,၂၀၀)ကျပ် တို့အား (၅-၁၂-၂၀၁၇)ရက်နေ့တွင် ငပုတောမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ငပုတောမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events