Author Archives: Hlaing ChoOo

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းတုံကျေးရွာမှ မိုင်းထိဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ကျွန်းမီးကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၃၀-၁၁-၂၀၁၇)ရက်နေ့တွင် ကမ်းပြို ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀)ကျပ်အားလည်းကာင်း၊ မကျီးထုံးကျေးရွာအုပ်စု၊ ဆိတ္တဲကျေးရွာ၌ (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၌ (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေး ကပစ္စည်း (၉) မျိုး၊ Family Kit (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၂,၆၀၀) ကျပ်တို့အား (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် ပွင့်လင်းရာသီတွင် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ကမ်းပြိုကြိုတင်ပြောင်းရွှေ့နေအိမ် (၃၄) လုံး၊ (၄-၁၂-၂၀၁၇) ရက်နေ့ ကမ်းပြိုကြိုရွှေ့နေအိမ် (၄)လုံး၊ စုစုပေါင်း နေအိမ် (၃၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃,၈၀၀,၀၀၀)နှင့် သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာတွင် (၂၄-၁၁-၂၀၁၇) ရက်နေ့ ကမ်းပြိုကြို တင်ပြောင်းရွှေ့နေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁,၅၀၀,၀၀၀)တို့အား (၁၁-၁၂-၂၀၁၇) ရက် နေ့တွင်  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အ.ထ.က (၁) ကျောင်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၆၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံပြန်လည် ထူထောင် ရေးစင်တာတစ်ခုဖွင့်လှစ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းကြည့်ရှု

    ရန်ကုန် (၁၀-၁၂-၂၀၁၇) ယနေ့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျှက် အရှေ့ဒဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာအိမ်ယာအနီးရှိ မြေနေရာပေါ်တွင် ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတစ်ခုတည်ဆောက်ရန် ကွင်းဆင်းကြည့်ရှုပါသည်။ ထိုသို့ကြည့်ရှုရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့် က မြေတိုင်းတာခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း၊ လမ်းဖောက်လုပ်ရေး၊ ခြံစည်းရိုးကာရန်ခြင်း အတွက် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မွေးကင်းစ စွန့်ပစ် ကလေးငယ်များနှင့် မိခင်များ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရသူများ၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၇)နေ့ (၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ သမီးလှအရှေ့ကျေးရွာ အ.မ.က ကျောင်း၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး ဗီနိုင်းပိုစတာများအားပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ ကျောင်းသူဦးရေ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ (၅-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် Family Kit (၁) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၈-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဟာအောင်တော်မူဘုရားဝင်းရှိ ချိုကြည်တန်ဆောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အ.လ.က (၁)၊ အ.လ.က (၂) ၊ အ.လ.က ခွဲ (၈) ရပ်ကွက်၊ အ.လ.က ခွဲ အောင်သပြေကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၄၇) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:        ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)    

Sign Up

Upcoming Events