Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ဂန့်အိမ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမ(၂၅) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၄၈) ဦးအား စုစုပေါင်း (၂၇၃) ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များ၊ DAN Mobile Application အသုံးပြုခြင်းနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား ပြောကြားခြင်းနှင့် (ရေဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး) အသိပညာပေး လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ ရေဝကျေးရွာမှ ပြည်သူထူထု (၁၂၀) ဦးခန့်အားလည်းကောင်း၊ ဆင်ကျွန်းကျေးရွာ အ.လ.က (ခွဲ) မှ ကျောင်းသား/ကျောင်းသူ (၂၇၃) ဦးတို့အား လည်းကောင်း သဘာဝ ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ အမှတ် (၂) ရပ်ကွက်တွင် (၈-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား (၁၀-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ မုံရွေးကြေးမုံကျေးရွာ အ.ထ.က ကျောင်း၌ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ် အောင်မြေသာယာ ဘုန်းကြီးကျောင်းသို့ နမ့်ဆန်မြို့နယ်၊ ကြက်သေကျေးရွာမှ ထပ်မံ၍ တိမ်းရှောင်လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၅) အိမ်ထောင်စာအား (၄-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၇-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့နယ် အောင်မြေသာယာကျောင်းတွင် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု (၂) စု၊ လူဦးရေ (၄) ဦးနှင့် ဝါဆိုကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦး၊ မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် ရောက်ရှိလာသော အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးအတွက် စုစုပေါင်း အိမ်ထောင်စု (၁၄) စုနှင့် စုစုပေါင်း လူဦးရေ (၃၉) ဦးတို့အတွက် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၈) ရက်နေ့တွင် ငှက်ကြီးကျွန်းကျေးရွာ မူလွန်ကျောင်းမှ အောင်စည်ပြင်ကျေးရွာသို့ ပြန်လာသော ကူးတိုးစက်လှေနစ်မြုပ်မှုကြောင့် စက်လှေမောင်း (၁) ဦးနှင့် ကျောင်းသူ (၂) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံး (၃) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉၀၀,၀၀၀) ကျပ်တို့အား (၁၀-၁-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးတို့နှင့်အတူ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ နတ်ဂါးတွင်းကျေးရွာ အ.ထ.က(ခွဲ) ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍ “မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း“အား ပုသိမ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးဝန်းခန်းမ၌ (၉-၁-၂၀၁၈) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖွင့်ပွဲအခမ်း အနားကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၄၅) ဦးတက်ရောက်ခဲ့ပြီး ပုသိမ်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် သင်တန်းသား/သူ (၃၀) ဦးဖြင့် (၉-၁-၂၀၁၈) ရက်နေ့မှ (၁၁-၁-၂၀၁၈) ရက်နေ့အထိ … Read more
