မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

9 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူး၍         မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ပုသိမ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးဝန်းခန်းမ၌ (၉-၁-၂၀၁၈) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖွင့်ပွဲအခမ်း အနားကျင်းပခဲ့ရာ  တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၄၅) ဦးတက်ရောက်ခဲ့ပြီး ပုသိမ်မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် သင်တန်းသား/သူ (၃၀) ဦးဖြင့် (၉-၁-၂၀၁၈) ရက်နေ့မှ (၁၁-၁-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events