Author Archives: Hlaing ChoOo
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု အားပေးထောက်ပံ့သည့်ခရီးစဉ်၌ အတူလိုက်ပါ၍ အိမ်ထောင်စု (၃၃၂)စု၊ လူဦးရေ (၁၂၇၉) ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှထောက်ပံ့သော ဆန်၊ ဆီ၊ ဆား ကုလားပဲ၊ (၇) ရက်စာ တန်ဖိုး(၃,၆၅၂,၀၂၀) ကျပ်အား တပါတည်းပူးပေါင်းပါဝင်ထောက်ပံ့ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ယနေ့အထိ စုစုပေါင်း ငွေ/ပစ္စည်းတန်ဖိုး (၁၄,၃၁၄,၀၅၀) ကျပ်အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်မိသားစုများနှင့် ရခိုင်ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တတာဝင်းမြတ်အေး လက်ခံ
၁၂-၁-၂၀၁၈၊ ရန်ကုန် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင် မိသားစုများနှင့် ရခိုင ပြည်နယ်ရှိ ဘေးသင့်ဟိန္ဒူဘာသာဝင်များအတွက် ငွေကျပ် (၁၉,၅၀၀,၀၀၀)တန်ဖိုးရှိ ဆာရီ (၂၁၀၀)ထည်၊ တီရှပ် လက်ရှည် (၂၀၀)ထည်၊ ပုဝါ (၃၂၀)ထည်၊ စတီးဟင်းအုပ် အဖုံးပါ (၅၆၄)ခု၊ စတီးထမင်းစားပန်းကန် (၄၀၀)ချပ်၊ ကလေးအဝတ် (၅၂၄)ထည်နှင့် ယောင်္ကျားအတွင်းခံ (၁၀၀၀) ထည်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်မိသားစုများမှ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့၊ အိုးဘိုတောင်ကျေးရွာ (အ.လ.က) ကျောင်းတွင် ဆရာ/ ဆရာမ (၂၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦး စုစုပေါင်း (၁၇၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ တာတပေါကျေးရွာ၌ (၁၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မီးဘေး ကြောင့် ဘေးသင့်ခဲ့သည့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်၊ ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းအုပ်စု၊ ကုန်းသာလင်း ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်းနှင့် မီးဘေး၊ ငလျင်ဘေး ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ရေကြီးရေလျှံဖြစ်လေ့ရှိသော ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း(၆၀၀)ဦးခန့် ပါဝင်ခြင်းဖြင့် စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၈) မှ (၁၀-၁-၂၀၁၈) ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ နှစ်ခြင်း ဘုရားကျောင်းတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်ခဲ့ပါ သည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ (၃၃) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊မြေပြိုဘေး စသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုးဖြစ်ပါသည်။ ၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါက လည်းပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက် တွဲငလျင်ငယ်များ (Aftershocks) လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များ ပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်းစသည့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာ အ.ထ.က ကျောင်းတွင် ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ရပ်ရွာအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်း (ကာ)အုပ်စု၊ နတ်ကြီးကုန်း ကျေးရွာ၌ ရပ်ရွာအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန် ရှိသူများမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိုးဇလဦးစီးမှူး နှင့်အတူ စုစုပေါင်း သင်တန်းသူ/သင်တန်းသား (၄၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)
