Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အ.ထ.က(ခွဲ) ဟဲကယ်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အ.ထ.က (ခွဲ) ဟိုနား၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် အသိပညာပေးမှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)အချိန်မှ(၁၁း၃၀)အချိန်ထိ မင်းပြားမြို့နယ်၊ သေကံကျေးရွာစာသင်ကျောင်း ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၇၅) ဦးအားလည်းကောင်း၊ နေ့လယ်(၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖားပြို(ရခိုင်)ကျေးရွာ စာသင်ကျောင်း၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူလူထု (၁၃၉) ဦးအားလည်ကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပေါင်မုန့်များဝေငှပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအနောက်ကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များ ဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့်  ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၌ (၂၁-၁-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦးအတွက် Unicef family Kit (၂၆)မျိုးပါ (၁) ပုံး၊ ပလတ်စတစ်ပုံး (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်တို့အား (၂၂-၁-၂၀၁၈) ရက်နေ့တွင်  မီးဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)/ရပ်ကွက်၊ ယုဝတီလမ်းတွင် (၂၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော တိုက်အိမ် (၃) လုံး၊ အခန်း (၂၄) ခန်း၊ အိမ်ထောင်စု (၂၄) စုမှ လူဦးရေ (၁၀၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ဆီ (၁၀)ဖာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၆,၃၀၀)ကျပ်တို့အား (၂၂-၁-၂၀၁၈) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁-၂၀၁၈) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရန်တောက် အ.လ.က ၌ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောပို့ချခြင်း၊ ဗလာစာအုပ်များ၊ ဘောပင် များဝေငှပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခြင်း၊ ခေါက်ဆွဲ ခြောက်ထုပ်များဝေငှပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၈-၁-၂၀၁၈) ရက်နေ့တွင် ဆားလင်းကြီးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူ (၆၅) ဦးနှင့် ဆရာမ (၅) ဦး စုစုပေါင်း (၇၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် အအေးဘူးဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သရဖီလမ်းသွယ် (၂) လမ်းတွင် (၁၇-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်တို့အား (၁၈-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events