Author Archives: Hlaing ChoOo
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထု (၃၀) ဦးခန့်အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ
၂-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ်တွင် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်၏ ရှုပ်ထွေးမှုကိုနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလလေးကျေးရွာ၌ (၁-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၉) မျိုး၊ Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်တို့အား (၂-၂-၂၀၁၈) ရက်နေ့တွင် … Read more
-
ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍ (၂-၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀)အချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မြောက်ဦးမြို့နယ် ၊ ကလကကျေးရွာ တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျေးရွာနေပြည်သူ(၃၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ ရေနစ်သူအား ကယ်ဆယ်နည်းနှင့် ရှေးဦးပြုစုနည်းတို့ကို လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့နယ်၊ မှိုင်းကံကျေးရွာအုပ်စု၊ မှိုင်းကံကျေးရွာရှိ သောဘိတာရာမမှိုင်းကံကျောင်းတိုက်၌ ကျေးရွာပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပြီး တက်ရောက်လာသူများအား ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ တောင်အင်းကျေးရွာ၌ (၁၀-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ တစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား တောင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ဘေးသင့် ပြည်သူထံသို့ (၁-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မုိးညွင္းခရိုင္ဦးစီးမွဴးရံုး
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က တောင်သုံးလုံး၊ ထားဝယ်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦး အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များပေးအပ် ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိ ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က မေတ္တာမြို့တွင် ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦး အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များပေးအပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်း မြို့နယ်၊ အင်ကြင်းကုန်းကျေးရွာတွင် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့ သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်တို့ အား (၁-၂-၂၀၁၈) ရက်နေ့တွင် အင်ကြင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၁-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့်တဲအိမ် (၅၂) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၅၆၀,၀၀၀) ကျပ် တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
