သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့နယ်၊ မှိုင်းကံကျေးရွာအုပ်စု၊ မှိုင်းကံကျေးရွာရှိ သောဘိတာရာမမှိုင်းကံကျောင်းတိုက်၌ ကျေးရွာပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပြီး တက်ရောက်လာသူများအား ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events