လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

၂-၂-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ်တွင် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်၏ ရှုပ်ထွေးမှုကိုနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း တိုးတက်မှုဖြစ်စဉ်များ၊ UEHRD ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းကူညီနိုင်မည့်နည်းလမ်းများ၊ အီတလီနိုင်ငံမှ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Emergency အဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ရန်လာရောက်လိုသည့်ကိစ္စများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား အကောင် အထည်ဖေါ်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိ ပါကြောင်း၊ နိုင်ငံအတွင်းနေထိုင်ခွင့် အထောက်အထားNVC (National Verification Card) ကိုင်ဆောင် ထားခြင်းဖြင့် လွတ်လပ်စွာသွားလာခွင့်အား ဥပဒေအရရရှိနိုင်ရေး၊ ကန့်သတ်ချက်များလျော့ချနိုင်ရေးနှင့် ကျန်းမာရေးနှင့် ပညာရေးလက်လှမ်းမှီရေး သက်မွေးဝမ်းကျောင်းလုပ်ငန်းများအား လွတ်လပ်စွာ လုပ်ကိုင် နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်း၊ UEHRD အစီအစဉ်ဖြင့် လူသားချင်းစာနာမှုအကူ အညီများ ထောက်ပံ့ရေးနှင့်ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင် ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့ (၉)ဖွဲ့မှတဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေးဇုန်များ တည်ထောင်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးစနစ်တို့ကို စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သတင်းမီဒီယာများနှင့် သံတမန်များ သွားရောက်လေ့လာနိုင်ရန်လည်း စီစဉ်ထား ရှိပါကြောင်းပြောကြားပြီး အီတလီနိုင်ငံမှ ရခိုင် ပြည်နယ်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် Emergency အဖွဲ့၏ ရခိုင်ပြည်နယ်ခရီးစဉ်နှင့် စပ်လျဉ်း၍ UEHRD မှတဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events