မီးဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလလေးကျေးရွာ၌ (၁-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၉) မျိုး၊ Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်တို့အား (၂-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Sign Up

Upcoming Events