ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍ (၂-၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀)အချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မြောက်ဦးမြို့နယ် ၊ ကလကကျေးရွာ တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျေးရွာနေပြည်သူ(၃၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ ရေနစ်သူအား ကယ်ဆယ်နည်းနှင့် ရှေးဦးပြုစုနည်းတို့ကို လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး