Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ကျောက်ချောင်း ကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်း ကြီးကျေးရွာ၊ ရွှေပုတ်သင်ဓမ္မာရုံ၌ ပြည်သူလူထု(၁၃၀)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်တွင် ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကြောင်ပန်းကုန်းကျေးရွာ  ဓမ္မာရုံ၌ပြည်သူလူထု(၁၀၀)ဦးအားလည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊  အဖြစ်များသော ဘေးအန္တရာယ်များ၏ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၃-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၈) အား ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ စီမံကိန်းဦးစီး၊ ပညာရေးဌာန၊လျှပ်စစ်ဌာနတို့မှ ကိုယ်စားလှယ်များနှင့် မြို့နယ်ဥပဒေအရာရှိတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်း သား/သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်မြို့၊ မြို့နယ်ထွေ/အုပ် ပုလဲသီတာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင် ဦးစီးမှူးတို့မှ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား/သင်တန်းသူများ၊ နည်းပြများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၆-၃-၂၀၁၈) နေ့မှ (၈-၃-၂၀၁၈) ရက်နေ့အထိ (၃) ရက်ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ တောင်ပေါ်ဒေသ၊ နမ့်ရှိအုပ်စု၊ ခိုလုံကျေးရွာ၌ (၂-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၄) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more

  • မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နယ်၊ သဲဂုဏ်ကျေးရွာ၌ (၁၉-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သဲဂုဏ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား European External Action ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဒုတိယမန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mrs. Paola Pampaloni နှင့် အဖွဲ့ လာရောက်တွေ့ဆုံ

    ၆-၃-၂၀၁၈၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား European External Action၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mrs. Paola Pampaloni နှင့်အဖွဲ့ကယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ ပဋိသန်ဓတေည်သည်မှ သက်ကြီးရွယ်အိုအထိ လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ(၄)ခုဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးကော်မတီမှတဆင့် အကြံပြုချက်များအားဦးစားပေးအစီအစဉ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်တာဝန်ယူထားသော UEHRD စီမံကိန်းဖြင့် … Read more

  • ကမ်းပြိုရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၂၈-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်း နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀) ကျပ်အား (၅-၃-၂၀၁၈) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ခုံကြီးစွန်းကျေးရွာ၌ (၂၈-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kits (၁)ပုံးနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့၊ သိုက်ဝါးကုန်းကျေးရွာ၌ (၁၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မူလတန်းကြိုကျောင်းလွှဲပြောင်းလက်ခံခြင်းနှင့် ရပ်ရွာအခြေပြု မူးယစ်ပြန်ထူသင်တန်း ဖွင့်လှစ်မှုအား ကြည့်ရှုအားပေး

    ၂-၃-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့၊ဖွာလွိုင်ငွေလွန်းဘုန်းတော် ကြီးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်၍ သင်တန်းသားများအား ပြန်လည်ထူထောင်ရေးအသက် မွေးမှုလုပ်ငန်းများသင်တန်းပို့ချပေးနေမှုများအားကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား ခဲ့ပါသည်။ ဒုတိယဝန်ကြီးကသင်တန်းသားများ၏ အာဟာရပြည့်ဝစွာစားသောက်နေထိုင်မှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေများ၊ ပြန်လည်ထူထောင်ရေးသက်မွေးမှု လုပ်ငန်းလက်တွေ့ ပို့ချမှုများကို အသေး စိတ်ကြည့်ရှု အားပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား(၂၃)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၃၅)ရက်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းများမှာယခင်က မူးယစ်ဆေးဝါးမျိုးစုံသုံးစွဲခဲ့ကြ သူများဖြစ်ကြပြီးမိမိတို့သဘောဆန္ဒအလျောက် … Read more

Sign Up

Upcoming Events