Author Archives: Hlaing ChoOo

  • ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    (၉-၄-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)စာ (၃၃,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၃,၆၀၀ိ/-)ကျပ်တို့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ရှမ်းပြည်နယ် မြောက်ပိုင်းမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

      ၉-၈-၂၀၁၈ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းကရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးခရိုင်၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးခန်းမ၌ ပြုလုပ်သော ပြည်နယ်ဒုတိယအဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများနှင့်   တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ အနေဖြင့် တစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို ကြိုးစားဆောင်  ရွက်လျက်ရှိရာမိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားအများစုနေထိုင်သော ပြည်နယ်များ၌ ငြိမ်းချမ်းရေး၏ အခြေခံ ဖြစ်သောလူမှုဖွံ့ဖြိုးတိုးတက်ရေးကို သာတူညီမျှရရှိရန် … Read more

  • မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ စည်ပင်သာယာလမ်း မီးဘေးထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ စည်ပင်သာယာလမ်း၌ (၇-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၀) အိမ်ထောင်စုစာအား (၇-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနီမြို့နယ်၊ မဲပင်(မြောက်)ကျေးရွာ၊ ကျော်ရွာနှင့် ရသာရာကျေးရွာတို့၌ (၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော လေဘေးသင့်အိမ်ခြေ (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀,၀၀၀ိ/-) ကျပ်တို့အား (၄-၄-၂၀၁၈) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၀:၄၅) နာရီအချိန်အထိ ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး (၆၃) ဦးအား သဘာဝ ဘေးစီမံခန့်ခွဲမှုနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာ လေဘေးသင့် ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) … Read more

  • လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပတောက်ချောင် အုပ်စု၊ ပတောက်ချောင်ကျေးရွာ၌ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃၀၀၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၅) … Read more

Sign Up

Upcoming Events