ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

(၉-၄-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာမှ လေဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)စာ (၃၃,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၃,၆၀၀ိ/-)ကျပ်တို့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events