လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

4 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပတောက်ချောင် အုပ်စု၊ ပတောက်ချောင်ကျေးရွာ၌ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃၀၀၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၅) ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၈၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၈၀,၁၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၇၀,၁၀၀ိ/-) ကျပ်အားလည်းကောင်း၊ ရေအိုးစဉ်အုပ်စု၊ ရေအိုးစဉ်ကျေးရွာ၊ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပံ့ငွေ (၁၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၈၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၈၂၀၀ိ/-)ကျပ်အားလည်းကောင်း၊ ဇီးကုန်းကျေးရွာ အမိုးလန်နေအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၃၆၀၀၀၀ိ/-)ကျပ်၊ လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၇၁၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၆၇၁၀၀ိ/-) ကျပ်တို့အား (၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေအးပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events