မြန်မာနိုင်ငံအမျိုးသမီးရေရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဂုဏ်ပြုအမှာစကားပြောကြား

 

6 Pic 02

၅-၄-၂၀၁၈၊ နေပြည်တော်

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏  နှစ်ပတ်လည်အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့၊ သီရီရတနာခန်းမ၌ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်း အဝေးအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရသည့်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ခု၊ ဇူလိုင် (၃) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံအလိုက် အမျိုးသမီးများ၏အရေးကို ဆောင်ရွက်မှုများနည်းအတိုင်း မြန်မာနိုင်ငံ အမျိုးသမီး များအတွက်လည်း မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် အစီအစဉ်များဖြင့် ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးကော်မတီအဖြစ် ၂၉-၃-၂၀၁၈ ရက်နေ့ကအတည်ပြုခဲ့ပြီးlogo ကိုလည်းရေးဆွဲအတည်ပြု သတ်မှတ်ခ ပြီးဖြစ်ပါကြောင်း၊ ကော်မတီတွင်ပါဝင်သော အမျိုးသမီးအဖွဲ့များအနက် အမျိုး သမီးရေးရာအဖွဲ့ချုပ်မှာ အတွေ့ အကြုံရှိသည့်အပြင် တက်တက်ကြွကြွဆောင်ရွက်လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ ၏အမျိုးသမီးများအခန်းကဏ္ဍမှာ လွန်စွာအရေးကြီးပါသဖြင့် နိင်ငံတော်၏ လက်ရှိတွင် ကျင့်သုံးနေသော မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်ဖို့လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကအဓိက ဦးစားပေးဆောင်ရွက်လျက် ရှိသော

(၁) တရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊

(၂)အမျိုးသားရင်ကြားစေ့ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး၊

(၃)ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်ကြီးဖြစ်ပေါ်လာရေးရည်မှန်းချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများအတွက် တရားမျှတသောဥပဒေများစိုးမိုးရေးနှင့် အမျိုးသမီးများ၏ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုး သမီးများတက်ကြွစွာပါဝင်ရန် လိုအပ်ပြီးတိုင်းရင်းသားအများစုနေထိုင်သော ပြည်နယ်များတွင် အမျိုးသမီးများ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုနည်းမျိုးစုံဖြင့် စည်းရုံးဆောင်ရွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ဖြစ် စေရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြားသော အမျိုးသမီးအရေး တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသောအဖွဲ့အစည်းများနှင့် ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

 

Sign Up

Upcoming Events