ရှမ်းပြည်နယ် မြောက်ပိုင်းမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

 

9 Pic 03 9 Pic 04 9 Pic 05

၉-၈-၂၀၁၈ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းကရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးခရိုင်၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးခန်းမ၌ ပြုလုပ်သော ပြည်နယ်ဒုတိယအဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများနှင့်   တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ အနေဖြင့် တစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို ကြိုးစားဆောင်  ရွက်လျက်ရှိရာမိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားအများစုနေထိုင်သော ပြည်နယ်များ၌ ငြိမ်းချမ်းရေး၏ အခြေခံ ဖြစ်သောလူမှုဖွံ့ဖြိုးတိုးတက်ရေးကို သာတူညီမျှရရှိရန် ကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနသည် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အဓိကပြည်သူ၏     အင်အားကိုရယူ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လားရှိုး ခရိုင်အတွင်း ဘေးဒဏ်ခံစားနေရသော တိုက်ပွဲရှောင်ပြည်သူများ၊ ကူညီစောင့်ရှောက်မှုလိုအပ်သော  ကိုယ်ဝန် ဆောင်မိခင်များ၊ ကလေးငယ်များ၊ မသန်စွမ်းသူ များနှင့် အမျိုးသမီးဦးဆောင်   သောအိမ်ထောင်စု များကို ကူညီစောင့်ရှောက်ခြင်းများကို ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထိုသို့သော လူမှုကာကွယ်ရေး စောင့်ရှောက်ရေးလုပ်ငန်းများသည်     မိမိတို့မျှော်မှန်းသော လူမှုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ မည်ဟုယုံကြည်ပါကြောင်း၊ဤခရိုင်အတွင်း၌မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအပါအဝင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်ရှိပါကြောင်း၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ သင်တန်းများ ပိုမိုဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းပါ ကြောင်းပြောကြားခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် လားရှိုးခရိုင်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့   (၁၀)ဖွဲ့အတွက် ကျပ်သိန်း(၃၀)၊ (လားရှိုးခရိုင်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်းမြို့များရှိ) တိုက်ပွဲရှောင်ပြည်သူများအတွက် ကျပ်(၃၃)သိန်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် (၂၂) သိန်း၊ အသက် (၅)နှစ်အောက်ကလေးများအတွက်  (၁၅၄)သိန်း၊ မသန်စွမ်းသူများအတွက်   (၅၄) သိန်းနှင့် အမျိုးသမီး ဦးဆောင်သောမိသားစုများအတွက် (၆၂)သိန်း ငါးသောင်းကျပ်၊ ဆင်းရွှေလီဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ (၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လားရှိုးမြို့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း့ကို သွားရောက်ကြည့်ရှုခဲ့ရာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို   သင်တန်းစခန်းမန်နေဂျာ ကရှင်းလင်း တင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးတွင် မူးယစ် သံသရာပြန်မလည်ရန်အရေးကြီးကြောင်း၊ ဆေးဖြတ်ပြီးသူများအတွက် ရပ်ရွာအခြေပြု စောင့်ရှောက်ရေးကို ဆက်လက်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်း မူးယစ် ကြည့်ကြပ်ရေးများသည် သက်ဆိုင်ရာ မိသားစုများနှင့် ထိတွေ့နေရန်အရေးကြီးကြောင်း၊ လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့ရေးနှင့် ဆေးဖြတ်ပြီးသူများ ကြုံတွေ့ ရင်ဆိုင်ရမည် အခက်အခဲများကို ဖြေရှင်းနိုင်ရန် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးသည်လည်း အရေးကြီးကြောင်း ထို့ပြင် မိသားစုကို ပံ့ပိုးကူညီရေးသည် ပြန်လည်ထူထောင်ရေး၏ အရေးကြီးသောလုပ်ငန်းတစ်ခု ဖြစ်ကြောင်းဆွေးနွေးပြောာကြားခဲ့ပါသည်။ ထို့နောက် ခရိုင်လူမှု ဝန်ထမ်းရုံးခန်း မတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏လိုအပ်ချက်များကို ဖြည့်ဆီးခဲ့ပါသည်။        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးခရိုင်၊ မူဆယ် ခရိုင်၊ ကျောက်မဲခရိုင်နှင့် လောက်ကိုင်ခရိုင်  များတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စနစ်တကျဆောင်ရွက်ရန်အတွက် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းကို ခရိုင် အားလုံးတွင်  အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စခန်းအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်း ကိုလောက်ကိုင်ခရိုင်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်   ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်းသတင်းရရှိပါသည်။

Source: MSWRR

Sign Up

Upcoming Events