Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ တလုတ်ရင်းကျေးရွာအုပ်စု၊ ဘွေကြီကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂) အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွ် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်တို့အား (၂၇-၄-၂၀၁၈) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ပုလော မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ၊ အမှတ်(၄) ရပ်ကွက်၊ ကျောက်ချောင်းလမ်းကြား၌ (၂၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/-) ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီ … Read more
-
ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဟွေလန်းကျေးရွာတို့၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု (၉) စုအတွက် ထောက်ပံ့ငွေ (၅၅၀,၀၀၀ိ/-) ကျပ်အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ပြီး အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သဘာဝဘေးကော်မတီဥက္ကဌ၊ လူမှုကူညီရေးအသင်း အတွင်းရေးမှူး၊ မြို့နယ် ကြက်ခြေနီ ကော်မတီဥက္ကဌနှင့် အသင်း ဝင်များမှလည်း (၆၀၀,၀၀၀ိ/-) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေးမျက်နှာမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ အုပ်စု(၆) စုအတွင်းရှိ ကျေးရွာခွဲ (၇) ရွာရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့နှင့် (၂၅-၄-၂၀၁၈) ရက်နေ့တို့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၇) လုံး၊ အမိုးလန် (၁၅) လုံး၊ စုစုပေါင်း (၂၂) လုံး၊ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၅) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၁၀,၀၀၀ိ/-)ကျပ်နှင့် … Read more
-
မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ် အတွင်းရှိ နမ့်ယွန်းကျေးရွာ၊ ပါဆန်းကျေးရွာ၊ နမ့်ကုန်းကျေးရွာနှင့် ဟကြာမုဒိကျေးရွာတို့၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၂)စု၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး အ.မ.က ကျောင်း (၁) ကျောင်းတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၈၈၈,၀၀၀ိ/-) ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ
၂၆.၄.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA က (၂၆-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ခွာသွားသူများ ပြန်လည်လက်ခံ ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်သော်လည်း နှောင့်နှေးနေရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ဝင်ရောက်လာသူများ၏ မူလအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေဘဲဥပဒေနှင့်အညီရရှိနိုင်ရေး၊ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကြားစခန်း၌ ခေတ္တနေထိုင် ရာတွင် ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်နေရာချထားရာတွင် … Read more
-
တောင်တွင်းကြီးမြို့၊နယ်မြေခံတပ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ နယ်မြေခံတပ်၊ မင်းရန်အောင်ခန်းမ၌၊ အရာရှိ၊ စစ်သည် မိသားစုဝင်(၂၂၀) ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်း စရာ များနှင့် ငလျင်လှုပ်စဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး ဘေး(၈)မျိုးပါ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများ၊ လျှပ်တပြက်ရေကြီးခြင်းများနှင့်ပတ်သက်သည့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးမှူးရုံးနှင့် အမှတ် (၁၀၁) ခြေမြန်တပ်ဌာနချုပ်တို့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများနှင့် လျှပ်တပြက်ရေကြီးခြင်း သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ပြုလုပ်ခဲ့ပြီး မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဘေးအန္တရာယ်အကင်းဆုံးဖြစ်အောင် နေထိုင် နိုင်ရန် သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခြင်းကို ရွာသူ/ ရွာသားများ ပါဝင်လေ့ကျင့်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ပြည်သူ့လွှတ်တော် … Read more
-
မုန်တိုင်းဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈) ရက် နေ့တွင် ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မလော့မြစ်တန်းကျေးရွာရှိ school cum shelter တွင် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနဦးဆောင်မှုဖြင့် ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ world vision၊ ဘိုကလေးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာသူ/ သားများ စုစုပေါင်းအင်အား (၄၅၀) ဦးဖြင့် မုန်တိုင်းဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါသရုပ်ပြပွဲသို့ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ် တက်ရောက်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန် ရှိသူတစ်ဦးမှ ဌာနဆောင်ရွက်နေမှုများပြောကြားခဲ့ပြီး … Read more
-
တွံတေးမြို့နယ် မိုးကြိုးဘေးနှင့် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ (၁၉) မိုင်တာကုန်းကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင် အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်သဖြင့် မိုးကြိုးထိမှန် သေဆုံး သူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-)ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ … Read more
