Author Archives: Hlaing ChoOo

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ဗောဓိမြိုင်ကျေးရွာနှင့် ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄) တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅၀) ဦးအတွက် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၂၃း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၃,၁၀၀ိ/-)ကျပ်တို့အား (၁၃-၅-၂၀၁၈) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ ရေအိုးစဉ် အုပ်စု၊ရွှေပြည်သာအုပ်စု၊ အေးချမ်းသာအုပ်စု၊ ရှမ်းအုပ်စု၊ ညိုပင်အုပ်စု၊ ပြောင်ခေါင်းကြီးအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း (၈) ရွာနှင့် ရပ်ကွက် (၂) ခုတို့၌ (၁၀-၅-၂၀၁၈) ရက်နေ့ (၂၃း၀၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာ၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၁း၁၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခဲ့မှုကြောင့် သစ်ပင်ပိ ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်အား (၁၀-၅-၂၀၁၈) ရက်နေ့ (၁ရး၃၀) နာရီ အချိန်တွင် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha-sgw #npw_may2018

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ အေလာကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စုနှင့် နောင်ဘိုကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း (၁၀) ရွာ၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၂၃း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာအုပ်စု၊ ဝဘော်ကြီးကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂၆) အိမ်ထောင်စာအား (၁၃-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် မြေပုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #rke_may2018

  • ဘေပြင်းဘေး ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့ နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၈) ရွာတို့၌ (၉-၅-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော သာသနိက အဆောက်အဦ (၂) ကျောင်း၊ ပြိုကျပျက်စီးအိမ်ခြေ (၃) လုံး၊ အမိုးလန်နေအိမ် (၈၉) လုံး၊ အိမ်ထောင်စု (၉၂) စု၊ လူဦးရေ (၃၇၁) ဦးတို့အတွက် ပြိုကျ ပျက်စီး အိမ်ထောင်စု (၃) စုအတွက် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ် ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၀၈း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ပုသိမ်မြို့နယ်၊ ဒုတိယတန်းသင်ရိုးညွှန်းတန်းသစ် မွမ်းမံသင်တန်း တက်ရောက်လျက်ရှိသည့် ဆရာ/ဆရာမ (၄၈၀) ဦးအားလည်းကောင်း၊ (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်ထိ ဆရာ/ဆရာမ (၄၁၀) ဦးအားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို … Read more

  • ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကုလားကြီးစုကျေးရွာအုပ်စု၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးဘေး ကြောင့် လှိုင်သာာယာ အမှတ် (၁၃) ရပ်ကွက်မှ မီးခိုးသင့်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၁-၅-၂၀၁၈) ရက် နေ့ တွင် သေဆုံးသူ၏ မိသားစုဝင်ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fir #ygn_may2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ကလေးမြို့နယ်၊ ကျောင်းအုပ်စု အဆင့် (G2) သင်ရိုးသစ်ဆွေးနွေးပွဲသင်တန်းမှ ဆရာ/ဆရာမ (၃၀၀) ဦးခန့်အား ကလေးမြို့ အ.ထ.က (၃) စုံညီခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦစီးမှူးရုံး(ဘစမ) #ar_eqk #sgg_may2018

Sign Up

Upcoming Events