ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

14 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ် ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၀၈း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ပုသိမ်မြို့နယ်၊ ဒုတိယတန်းသင်ရိုးညွှန်းတန်းသစ် မွမ်းမံသင်တန်း တက်ရောက်လျက်ရှိသည့် ဆရာ/ဆရာမ (၄၈၀) ဦးအားလည်းကောင်း၊ (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီ အချိန်ထိ ဆရာ/ဆရာမ (၄၁၀) ဦးအားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#ayy_may2018

Sign Up

Upcoming Events