ဘေပြင်းဘေး ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့ နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၈) ရွာတို့၌ (၉-၅-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော သာသနိက အဆောက်အဦ (၂) ကျောင်း၊ ပြိုကျပျက်စီးအိမ်ခြေ (၃) လုံး၊ အမိုးလန်နေအိမ် (၈၉) လုံး၊ အိမ်ထောင်စု (၉၂) စု၊ လူဦးရေ (၃၇၁) ဦးတို့အတွက် ပြိုကျ ပျက်စီး အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊(၃) အိမ်ထောင်စာ၊ အမိုးလန်အိမ်ထောင်စု (၈၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၈၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၅၂၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇၇၉,၁၀၀ိ/-) ကျပ်တို့အား (၁၂-၅-၂၀၁၈) ရက်နေ့တွင် ကျောက်ထုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဘေးသင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events