လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ အေလာကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စုနှင့် နောင်ဘိုကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း (၁၀) ရွာ၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၂၃း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၅,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၇၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၅၄၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၆၇၀,၄၀၀ိ/-) ကျပ်တို့အား (၁၂-၅-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ha-sgw
#npw_may2018

Sign Up

Upcoming Events