Author Archives: Hlaing ChoOo

  • မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော ကျေးရွာအုပ်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁/၁၂/၁၃-၆-၂၀၁၈) ရက်နေ့များတွင် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပွားခဲ့သော တောင်ကုတ် မြို့နယ်၊ လမူးမော်ကျေးရွာအုပ်စု၊ လိပ်ကုန်းဘောင်ကျေးရွာ၊ သူငယ်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာများမှ အိမ်ထောင်စု (၆၉၄) စု၊ လူဦးရေ (၂၇၇၃) ဦးတို့အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှပေးပို့သည့် ဆန်ရိက္ခာ (၃) ပတ်စာဖိုးငွေ (၁၇,၄၆၉,၉၀၀ိ/)ကျပ်နှင့် ကျောက်ဖြူ ခရိုင် ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ (၁) ပတ်စာဖိုးငွေ (၅,၈၂၃,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း … Read more

  • မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် (၁၉-၆-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်၌ လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ မီးလောင်ကျွန်းကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more

  • ရေဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ နလယ် အင်း ကျေးရွာ၊ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူ (၂၄၅) ဦးခန့်အား ရေဘေး၊ မိုးကြိုးဘေးဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ar_tls #sgg_jun2018

  • သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ဘုရားငုတ္တိုလ် ကျေးရွာအုပ်စု၊ မန္တလေးကုန်းကျေးရွာတွင် (၁၃-၆-၂၀၁၈) ရက်နေ့တွင် ရေစီးတွင်မျောပါ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၂၀-၆-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစု ဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #ayy_jun2018

  • လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခရမ်းညောင်ပင်ကျေးရွာအုပ်စု၊ ခရမ်းညောင်ပင်ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-) ကျပ်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာအုပ်စု၊ မကြက်စုကျေးရွာ၌ (၁၃.၆.၂၀၁၈) ရက်နေ့ ၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် … Read more

  • ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀ိ/-)ကျပ်တို့အား (၂၀-၆-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ဗန်မော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #kcn_jun2018

  • မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူ့အသက်ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးကြိုး ဘေးဆိုင်ရာအသိပညာများ တိုးပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလြမို့နယ်၊ ဓနုတ်စံပြကျေးရွာနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် မိုးကြိုးဘေးဗီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_tls #ygn_jun2018

  • မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်

    မော်လမြိုင် ဇွန် ၂၀ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူ မုဒုံမြို့နယ်၊ ကမာ ဝက်ကျေးရွာအနီးရှိ ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက ရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေ၊ ရေဝင်ရောက်မှုအခြေအနေအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံ တစ်လျှောက် လှည့်လည်ကြည့်ရှု့ခြင်း ၊ … Read more

  • ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာနှင့် ကန့်လန့်ကုန်းကျေးရွယတို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကြိုတင်ပြောင်းရွှေ့ နေအိမ် (၇) လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၈၀၀,၀၀၀ိ/-) ကျပ်အား (၁၉-၆-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jun2018

  • ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၌ (၁၁-၆-၂၀၁၈) နေ့မှ (၁၇-၆-၂၀၁၈)ရက်နေ့အထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြိုတင်ပြောင်းရွေ့အိမ်ခြေ (၂၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၉၀၀,၀၀၀ိ/-)အား (၁၉-၆-၂၀၁၈)ရက်နေ့၊ (၁၄း၀၀) နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jun2018

Sign Up

Upcoming Events