
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁/၁၂/၁၃-၆-၂၀၁၈) ရက်နေ့များတွင် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပွားခဲ့သော တောင်ကုတ် မြို့နယ်၊ လမူးမော်ကျေးရွာအုပ်စု၊ လိပ်ကုန်းဘောင်ကျေးရွာ၊ သူငယ်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာများမှ အိမ်ထောင်စု (၆၉၄) စု၊ လူဦးရေ (၂၇၇၃) ဦးတို့အတွက် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှပေးပို့သည့် ဆန်ရိက္ခာ (၃) ပတ်စာဖိုးငွေ (၁၇,၄၆၉,၉၀၀ိ/)ကျပ်နှင့် ကျောက်ဖြူ ခရိုင် ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ (၁) ပတ်စာဖိုးငွေ (၅,၈၂၃,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁) လစာ ဆန်ရိက္ခာဖိုးငွေ (၂၃,၂၉၃,၂၀၀ိ/-)ကျပ်တို့အား (၂၀-၆-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာအုပ်စု၊ ဘူးရွှေမော်ကျေးရွာ (သာသနာ့ပါလဘုန်းတော်ကြီးကျောင်း) ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#rke_jun2018