Author Archives: Hlaing ChoOo
-
မိုးကြိုးဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုးကြိုး ဘေးအန္တရာယ်ကြောင့် လူ့အသက်ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးကြိုးဘေးဆိုင်ရာ အသိပညာများများတိုးပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွ ြမို့နယ်၊သံးခွမြို့အဝင်နှင့်အောင်သာတန်းလမ်းထောင့်များတွင် မိုးကြိုးဘေးဗီနိုင်းပိုစတာများကပ်ခြင်း၊ သုံးခွမြို့ဈေးအတွင်း လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_tls #ygn_jun2018
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာ၌ (၁၈-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၂) ၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၂၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_jun2018
-
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
နေပြည်တော်၊ ဇွန် ၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနံက်ပိုင်းက ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသည် မိသားစုတွေ့ဆုံပွဲပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အလုပ်တာဝန်များသည့် ကြားမှ မိသားစုတာဝန်ကိုပါ ကျေပွန်ကြရပါကြောင်း၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်များသည် တာဝန်ကိုယ်စီရှိပါကြောင်း၊ မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ဆရာ့ဝတ္တရား၊ တပည့်ဝတ္တရားများကို ကျေပွန်ကြဖို့လိုပါကြောင်း၊ ဆရာများက တပည့်သားသမီးများကို အသိပညာ၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ASEAN-Korea Centre (AKC) Secretary General ဖြစ်သူ H . E Mr. Lee Hyuk ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဇွန် ၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ASEAN-Korea Centre(AKC) Secretary General ဖြစ်သူ H . E Mr. Lee Hyuk ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ASEAN-Korea Centre (AKC) အဖွဲ့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးမှုမြှင့်တင်ရေး အကောင် အထည်ဖေါ်နေပါကြောင်း၊ အာဆီယံ-ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးတွင် အနာဂါတ်ခေါင်းဆောင် များဖြစ်သည့် ယနေ့လူငယ်များ၏ … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ အမှတ် (၂၃၄) ခြေမြန်တပ်ရင်း တွင် ယာယီနေထိုင်သော ဟိန္ဒူလူမျိုး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၂၄) ဦးအတွက် စားရိက္ခာ (၁) လစာ ဆန် (၇) အိတ် (၁၂) ပြည်၊ ဆီ (၉) ပိဿာ၊ ပဲ (၃၆) ပိဿာ၊ ဆား (၁.၈) ပိဿာတို့အား (၂၁-၆-၂၀၁၈) ရက် နေ့တွင် … Read more
-
ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွေရွှေ ကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀ိ/-) ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာ၌ (၁၃/၁၄-၆-၂၀၁၈) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀ိ/-) ကျပ်အားလည်းကောင်း၊ အေရာကျေးရွာအုပ်စု၊ အမှတ် (၁/၂) ရပ်ကွက်တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ရေဘေးဖြစ်ပွားခဲ့ရာ ပြိုကျပျက်စီးနေအိမ် (၆) … Read more
-
မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
(၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ Action Contre La Faim (ACF) မှ ဆောက်လုပ်လှူဒါန်းသော မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ (၄၅x၃၆) ပေ (၁) လုံး လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦအား လွှဲပြောင်းလက်ခံခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jun2018
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့နှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ တတိယအကြိမ် Consulation Workshop On Rakhine State Disaster Management plan (ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ)ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဌာနဆိုင်ရာဝန်ထမ်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
