နေပြည်တော်၊ ဇွန် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနံက်ပိုင်းက ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသည် မိသားစုတွေ့ဆုံပွဲပင်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် အလုပ်တာဝန်များသည့် ကြားမှ မိသားစုတာဝန်ကိုပါ ကျေပွန်ကြရပါကြောင်း၊ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်များသည် တာဝန်ကိုယ်စီရှိပါကြောင်း၊ မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ဆရာ့ဝတ္တရား၊ တပည့်ဝတ္တရားများကို ကျေပွန်ကြဖို့လိုပါကြောင်း၊ ဆရာများက တပည့်သားသမီးများကို အသိပညာ၊ အတတ်ပညာအပြင် ကိုယ်ကျင့် တရားစောင့်ထိန်းသူများဖြစ်စေရန် လမ်းပြသွန်သင်ရန်လိုပါကြောင်း၊ မိဘသည် ရှေးဦး ဆရာဖြစ်ပြီး ရိုးသားသည့်ဂုဏ်ကို အမွေပေးကြရန်လိုပါကြောင်း၊ နိုင်ငံတော်က အခမဲ့ပညာရေး စနစ်ကို မူလတန်းမှအစ အလယ်တန်း၊ အထက်တန်းအဆင့်ထိ ဖေါ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသုံးစာအုပ်နှင့် ကျောင်းသုံးဝတ်စုံများကိုလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထို့အပြင် စဉ်းစား တွေးခေါ်တတ်ရန်နှင့် ပညာရေးနှင့် အလုပ်အကိုင် ဆက်စပ်ချိတ်ဆက်နိုင်ရန်လည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ထမ်းသားသမီးမိသားစုများ၏ ပညာသင်ကြားရေးကို အထောက်အကူပြုနိုင်ရန် အတွက် ယခုလိုထောက်ပံ့ခြင်းနှင့် မိသားစုစိတ်ဓာတ်ဖြင့် ကူညီထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်း သင်တန်းများတွင် ထူးချွန်ဆုရသူများကိုလည်းဝန်ထမ်းကောင်းများဖြစ်လာစေရန် ချီးမြှောက်ပေးခြင်း ဖြစ်ပါကြောင်းနှင့် မိသားစုများအပြန်အလှန် ဝတ္တရားကျေပွန်စွာဖြင့် ရိုးသားစွာကြိုးစားကြစေလိုပါ ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ထူးချွန်ဆုရသူ (၁) ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆) ဦးတို့အား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တက်ရောက်ကြမည့် ပြည်ထောင်စု ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကလည်းကောင်း၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ သား/သမီးများအတွက် ပညာ သင်ထောက်ပံ့ကြေးငွေများကို ဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ယနေ့အခမ်းအနားတွင် ထောက်ပံ့ငွေနှင့် ချီးမြှင့်ငေ ွစုစုပေါင်း (၂၁၉,၀၇၅၀၀ိ/-) ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018