ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ASEAN-Korea Centre (AKC) Secretary General ဖြစ်သူ H . E Mr. Lee Hyuk ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန် ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ASEAN-Korea Centre(AKC) Secretary General ဖြစ်သူ H . E Mr. Lee Hyuk ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ASEAN-Korea Centre (AKC) အဖွဲ့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးမှုမြှင့်တင်ရေး အကောင် အထည်ဖေါ်နေပါကြောင်း၊ အာဆီယံ-ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးတွင် အနာဂါတ်ခေါင်းဆောင် များဖြစ်သည့် ယနေ့လူငယ်များ၏ အခန်းကဏ္ဍကိုနားလည်ပြီး လူငယ်လေ့လာရေး၊ ဖလှယ်ရေးအစီ အစဉ်များအား အဓိကထားဆောင်ရွက်နေပါကြောင်း၊ ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူ (၅၀၀) နှင့်လည်း လူငယ်ဆိုင်ရာအစီအစဉ်များ ဆောင်ရွက်နေပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအလားအလာမြှင့်မားသော မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှပ်နှံမှု များမြှင့်တင်လိုပြီး စွန့်ဦးတီထွင်လူငယ်များနှင့် သက်ဆိုင်သောအစီအစဉ်များဆောင်ရွက်လိုပါကြောင်း၊ အာဆီယံ-မြန်မာပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပလိုပြီးဆုရရှိသူအား ကိုရီးယားနိုင်ငံသို့ အလည်အပတ်ဖိတ်ခေါ်မည့်အစီအစဉ်ရှိပါကြောင်း၊ ASEAN-Korea Centre(AKC) အနေဖြင့် မြန်မာ-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် ကိစ္စရပ်များအား မေးမြန်းဆွေးနွေး ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း လူငယ်များ၏ အခန်းကဏ္ဍကို အလေးထားခြင်းဖြင့် လူငယ်ဆိုင်ရာ မူဝါဒအားချမှတ်ထားမှုနှင့် မူဝါဒအကောင်အထည်ဖေါ်ဆောင်ရေး လုပ်ငန်းအစီအစဉ် ရေးဆွဲထားပြီး အတည်ပြုရန် တင်ပြထားသည့်ကိစ္စများ၊ ဝန်ကြီးဌာနရှိမူလတန်းကြိုကျောင်းများနှင့် သင်တန်း ကျောင်းများတွင် ကိုရီးယားလူငယ်စေတနာ့ဝန်ထမ်းများ လာရောက်လုပ်အားပေးနေမှုနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်နေမှုကိစ္စများ၊ စေတနာ့ဝန်ထမ်းလုပ်အားပေး ကိုရီးယားလူငယ်များ ကာလတို ကာလရှည်လာရောက် ကူညီဆောင်ရွက်နိုင်ရေးကိစ္စများနှင့် လူငယ်ကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jun2018

Sign Up

Upcoming Events