မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

(၂၁-၆-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ Action Contre La Faim (ACF) မှ ဆောက်လုပ်လှူဒါန်းသော မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ (၄၅x၃၆) ပေ (၁) လုံး လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦအား လွှဲပြောင်းလက်ခံခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_jun2018

Sign Up

Upcoming Events