လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာ၌ (၁၃/၁၄-၆-၂၀၁၈) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀ိ/-) ကျပ်အားလည်းကောင်း၊ အေရာကျေးရွာအုပ်စု၊ အမှတ် (၁/၂) ရပ်ကွက်တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် ရေဘေးဖြစ်ပွားခဲ့ရာ ပြိုကျပျက်စီးနေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆) သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀ိ/-)ကျပ်တို့အား (၂၁-၆-၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fld
#ayy_jun2018