Author Archives: Hlaing ChoOo
-
ဒေးဒရဲမြို့နယ် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် မွမ်းမံရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေးဒရဲမြို့နယ် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် မွမ်းမံ ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့်သဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ စုစုပေါင်း (၆၀) ကျော် တက်ရောက်ခဲ့ကြပြီး၊ ဘေးဖြစ်နိုင်ခြေအန္တရာယ်ပြမြေပုံရေးဆွဲနိုင်ရေးအတွက် အချက်အလက်များ ကောက်ယူ ခြင်း၊ ဘေးအမျိုးအစားအလိုက် ကျေးရွာအုပ်စုအလိုက် ဘေးဖြစ်နိုင်ခြေအဆင့် ခွဲခြားသတ်မှတ်ခြင်းများ၊ ကဏ္ဍ အလိုက်ဘေးဖြစ်နိုင်ခြေ အနည်းအများ ပြင်ဆင်ဆောင်ရွက်နေမှုအပိုင်းများ စသည်တို့ကို … Read more
-
စလင်းမြို့နယ်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၁၄) ရွာတို့၌ (၉-၇-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၆၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆,၂၀၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၂၆၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၅၄၈,၁၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၈၄၈,၁၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၆၂) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ စမ်းသီတာလမ်းသွယ်၊ အိမ်အမှတ် (၁၈၃၀/ခ) ၌ (၅-၇-၂၀၁၈) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်၊ စုစုပေါင်း … Read more
-
မြို့နယ်ရုံးဖွင့်လှစ်မည့် မြေနေရာအား ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် ကြံခင်းမြို့နယ်အတွင်း မြို့နယ် ရုံးဖွင့်လှစ်မည့် တလိုင်းကွင်းအုပ်စု၊ တလိုင်းကွင်းကျေးရွာရှိ မြေနေရာသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများနှင့်အတူ သွားရောက်၍ ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2018
-
ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ၌ (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၁း၁၀) နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-)ကျပ်၊ စုစုပေါင်း … Read more
-
speed boat ၁ စီးနှင့် fiber boat ၁ စီးအား စက်ပစ္စည်းများတပ်ဆင်ပြီး ပုသိမ်မြို့၊ ငဝန်မြစ်အတွင်း စမ်းသပ်မောင်းနှင်မှုသတင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေ၏ IRM အစီအစဉ်ဖြင့် ဝယ်ယူထားရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ပေးပို့ထားရှိသည့် speed boat (၂) စီးနှင့် fiber boat (၄၀) စီးအား တင်ဒါအောင်မြင်သော ကုမ္ပဏီ china henan province day bird ship co.ltd မှ နည်းပညာရှင် ၂ ဦးသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် လာရောက်၍ speed boat ၁ စီးနှင့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော်၊ ၁၁.၇.၂၀၁၈ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံပီသစွာဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးအတွက်အကူအညီပေးရေးအတွက် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. VikramMisri သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘော တူညီမှုစာချွန်လွှာ (MoU) ရေးထိုးပြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် ကသာမြို့နယ်၊ ညောင်ခြေ ထောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၄၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2018
-
ချင်းတွင်းမြစ်ရေကြီး ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ဖောင်ဆိုင်ကျေးရွာအုပ်စု၊ နာဟင်ဖောင်ဆိုင် ကျေးရွာဆိပ်ကမ်း၌ (၁၀-၇-၂၀၁၈) ရက်နေ့တွင် ချင်းတွင်းမြစ်ရေကြီး ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်း ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-) ကျပ်တို့အား (၁၁-၇-၂၀၁၈) ရက်နေ့တွင် ခန္တီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ … Read more
-
ဖိုက်ဘာစက်လှေနှင့်အသက်ကယ်အကျႌီများလွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရေတာရှည်မြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ (၁) စီးနှင့် အသက်ကယ်ကျီႋ (၁၀) ထည်တို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_jul2018
