လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေးဒရဲမြို့နယ် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက် မွမ်းမံ ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့်သဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ စုစုပေါင်း (၆၀) ကျော် တက်ရောက်ခဲ့ကြပြီး၊ ဘေးဖြစ်နိုင်ခြေအန္တရာယ်ပြမြေပုံရေးဆွဲနိုင်ရေးအတွက် အချက်အလက်များ ကောက်ယူ ခြင်း၊ ဘေးအမျိုးအစားအလိုက် ကျေးရွာအုပ်စုအလိုက် ဘေးဖြစ်နိုင်ခြေအဆင့် ခွဲခြားသတ်မှတ်ခြင်းများ၊ ကဏ္ဍ အလိုက်ဘေးဖြစ်နိုင်ခြေ အနည်းအများ ပြင်ဆင်ဆောင်ရွက်နေမှုအပိုင်းများ စသည်တို့ကို ဖြည့်စွက်ရေး ဆွဲနိုင်ရေး စားပွဲဝိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_jul2018