Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ် သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ် (၃) တိုက်ပွဲ ဝင်စည်းရုံးရေးသင်တန်းကျောင်းမှ အရာရှိစစ်သည် ရဲမေများနှင့် တပ်မတော်သား မိသားစုဝင် (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော လက်တွေ့လေ့ကျင့်မှု အား (၈-၈-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီအချိန်အထိ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar_simex #kcn_aug2018

  • စလင်းမြို့နယ် ကြူတော(မြောက်) ကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြူတော(မြောက်) ကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၅၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၅,၈၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၀၅,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၅) အိမ်ထောင်စာတို့အား (၈-၈-၂၀၁၈)ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more

  • လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ မဘေကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်အားလည်းကောင်း၊ လပွတ္တာလုပ်ကြီးကျေးရွာအုပ်စု၊ လပွတ္တတာလုပ်ကြီးကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၂) လုံး၊ … Read more

  • ဓါတ်ဆားထုပ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်ရေဘေးရှောင်ပြည်သူများအတွက် (၄-၈-၂၀၁၈) ရက်နေ့တွင် ရန်ကုန်ဗဟိုသိုလှောင်ရုံးမှ ပေးပို့လာသော ဓါတ်ဆားထုပ် (၂၀၀၀၀) အား (၈-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ အတ္တရံရပ်ကွက်၊ အ.မ.က စာသင်ကျောင်း၌ ပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_aug2018

  • လေဘေးသင့် ဘာသာရေးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်နှင့် လှိုင်ရပ်ကွက်တို့တွင် (၃-၈-၂၀၁၈) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေး ကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အမိုးလန် နေအိမ် (၁၉) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၉) အိမ်ထောင်စာ၊ ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၃) … Read more

  • မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက်လာမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း၌ (၅-၈-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက်လာမှုကြောင့် ညိုပင်ကျေးရွာ  အုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ် (၁) လုံး၊ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-)ကျပ်တို့အား (၇-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်သို့ သွားရောက်   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မင်းတုန်းချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်း (ရှေ့) ကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင် မင်းတုန်းချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထာင်စာ တို့အား (၇-၈-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ … Read more

  • နင်းမိုင်းထိမှန် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    မိုးကောင်းမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ မြို့သစ်ကြီးကျေးရွာ နေသူ ဒေါ်အေးဝင်း (၄၃) နှစ်သည် (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်ခန့်တွင် မျှစ်ချိုးသွားရာ နင်းမိုင်းထိမှန်ယာခြေချင်း ဝတ်ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၇-၈-၂၀၁၈) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မြို့သစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ကွင်းဆင်း၍ ဘေးသင့်မိသားစုထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr … Read more

Sign Up

Upcoming Events