လယ်ဝေးမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များ အတွက် ထောက်ပံ့မှုသတင်း

7 Pic 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၈) ရက်နေ့တွင် လယ်ဝေး မြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပါးပြိုကျမှုကြောင့် လယ်တာကြီးအုပ်စု၊ ချောင်းမငယ် ကျေးရွာမှ လူနေ အိမ် (၅) လုံးအား (၂၆-၇-၂၀၁၈) ရက်နေ့တွင် ဖျက်သိမ်းရန် အခက်အခဲရှိပါသဖြင့် (၃-၈-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ပေးခဲ့ပြီး ပြောင်းရွှေ့နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀/-) ကျပ်တို့အား (၇-၈-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#npw_aug2018

Sign Up

Upcoming Events