လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်း (ရှေ့) ကျေးရွာ၌ (၅-၈-၂၀၁၈) ရက်နေ့တွင် မင်းတုန်းချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထာင်စာ တို့အား (၇-၈-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ဘူးတောင်း (ရှေ့) ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_aug2018